Wednesday 20 October 2010

HortPark Singapore

ပန်းမန် ပန်းခြံ

စင်္ကာပူနိုင်ငံ၊ မရီနာဘေး ဧရိယာတ၀ိုက်တွင် သွားရောက်လည်ပတ်ချင်စရာ နေရာတွေနဲ့ ပြည့်နှက်နေပါသည်။ ဘေဘာတောင်စဉ်တောင်တန်း၊စင်္ကာပူပန်းမန် ပန်းခြံ၊အလက်ဇန္ဒရားတံတားခုံး၊ကနိုပိလမ်းလျှောက်၊ဆန်တိုစာကျွန်း၊လက်ဘရားဒါး သဘာဝစခန်း စသည့်နေရာများ တည်ရှိပါတယ်။

ထိုနေရာများအနက် မွန်းကျပ်သည့် မြို့ပြဘ၀ကို ခဏ မေ့ပျောက်၍ စိတ်အေးချမ်းပြေလျော့စွာ အနားယူနိုင်ပြီး သဘာဝ ပန်းမန်များအကြောင်း လေ့လာလိုလျှင် စင်္ကာပူ ပန်းမန်ပန်းခြံကို သွားရောက်လည်ပတ်သင့်ပေသည်။

DSC_0314ပုံ-၁ HortPark အ၀င်

HortPark တွင် သဘာဝ ပန်းမန်အမျိုးအစားများလည်း အတော်အသင့် ပြည့်စုံ ပြီး လိပ်ပြာမျိုးခွဲများလည်း ကျက်စားပေသည်။

flower

ပုံ-၂ HortPark က အလှပဂေး

flower2

ပုံ-၃ HortPark ပန်းတို့၏ ဘုရင်မ

water lily

ပုံ-၄ HortPark က ရွေကြာအလှ

hot as I am Hotipark Singapore

ပုံ-၅ ရှုးရှုးရှဲရှဲ HortPark

Pretty me HotiPark Singapore

ပုံ-၆ အေးအေးချမ်းချမ်း HortPark

blossom together dwindle together Hotipark Singapore

ပုံ-၇ ဝေလည်းအတူတူ၊ ကြွေလည်း အတူတူ HortPark, Singapore

 

စိုက်ပျိုးရေးဝါသနာ ပါသူများအဖို့ ပန်းမျိုးစေ့ အစုံက အစ ဘွန်ဆိုင်းပင်တွေအပြင်၊စိုက်ပျိုးရေးပစ္စည်းအစုံ ကိုလည်း ၀ယ်ယူနိုင်ပါတယ်။

DSC_0376

ပုံ-၈ ဝေလည်းတူ ကြွေလည်းတူ - ပန်းစိုက်ခင်း အရောင်းဆိုင်အတွင်း တွေ့ရစဉ်

DSC_0378

ပုံ-၉ ကမ္ဘာကြီးကို တို့အလှနဲ့ အလှဆင်မယ်..ပန်းစိုက်ခင်း အရောင်းဆိုင်အတွင်း တွေ့ရစဉ်

DSC_0381

ပုံ –၁၀ မြန်မြန်နမ်းပါ ငါ့ကို…ပန်းစိုက်ခင်း အရောင်းဆိုင်အတွင်း တွေ့ရစဉ်

DSC_0383

ပုံ – ၁၁ မေမြို့ပန်း မျိုးခွဲများ - ပန်းစိုက်ခင်း အရောင်းဆိုင်အတွင်း တွေ့ရစဉ်

DSC_0404

ပုံ –၁၂ လိပ်ပြာပြတိုက် အတွင်းက သနားစရာ အို လိပ်ပြာ

DSC_0409

ပုံ –၁၃ နာမည်မသိလို့ ရေဘ၀ဲပင်လို့ နာမည်ပေးထားသည်။

ဖန်လုံအိမ်များအတွင်း ထည့်သွင်းစိုက်ပျိုးထားသည့် ပန်းမန်အလှများကိုလည်း ခန့်ညားစွာ ရှုစားနိုင်ပေသည်။

DSC_0417

ပုံ – ၁၄ ဖန်လုံအိမ်ထဲက ပန်းတစ်မျိုး

DSC_0420

ပုံ – ၁၅ ဖန်လုံအိမ်ထဲက သူတို့ဘဝ

DSC_0422

ပုံ – ၁၆ ဖန်လုံအိမ်တွေဘေးက ငါးကန်လေး

DSC_0430

ပုံ – ၁၇ ဖန်လုံအိမ်ထဲက ပန်းတချို့

DSC_0437

ပုံ – ၁၈ ဖန်လုံအိမ်ထဲက သစ်ခွတချို့

ပန်းက ပျားကို ကျီစယ်၊ ပျားက ပန်းကို မခွဲနိုင် စသည့် သဘာဝ မြင်ကွင်းများကိုလည်း ရှုစားနိုင်ပေသည်။

busy as we are Hotipark Singapore

ပုံ-၁၉ ပန်းနဲ့ပျား HortPark, Singapore

ထိုမှ တဆင့် Canopy Walk ဘက်သို့ ဆက်သွားလျှင် တောအုပ်အတွင်း ဖြတ်ဖောက်ထားသော တံတားပေါ်တွင်လည်း လှမ်းလျှောက်နိုင်ပေသည်။ ပုစဉ်းရင်ကွဲတို့၏ အော်မြည်သံ ကို လည်း အေးချမ်းစွာ ကြားရပေသည်။ မျောက်မိသားစုများ တပျော်တပါး ခရီးသွားသည်ကိုလည်း ရှုစားနိုင်ပေသည်။

DSC_0443

ပုံ – ၂၀ အေးချမ်းတဲ့ တောဖြတ်လမ်းလေး ဟို….အဝေးကငေး

DSC_0460

ပုံ – ၂၁ သစ်တောထဲက တံတား မျောက်မိသားစု လား….

DSC_0475

ပုံ – ၂၂ ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိမ့်

အဲဒီ သစ်တောတံတားလေးကို မျောက်တွေနဲ့ အတူဖြတ်၊ ပုစဉ်းရင်ကွဲသံလေး နားဆင်ရင်း ဖြတ်လျှောက်လို့ ပြီးပြီ ဆိုရင်တော့ Vista Park ကို ရောက်လို့ လာပါပြီ။

Vista Park မှာတော့ သစ်တောသစ်အုပ်တွေရဲ့အလှ၊ အနောက်ဘက်ပင်လယ်ကမ်းခြေအလှတွေကို တ၀ကြီးခံစား နိုင်တဲ့အပြင်၊ ဒုတိယကမ္ဘာစစ်အကြွင်းအကျန် အမြှောက်ကြီးတွေကိုလည်း တွေ့နိုင်ပါသည်။

DSC_0474

ပုံ-၂၃ Vista Park က သစ်တောသစ်အုပ်

DSC_0515

ပုံ – ၂၄ Vista Park က အင်ကြင်းပင်DSC_0479

ပုံ – ၂၅ Vista Park က ပန်းခင်းအလှ

DSC_0477

ပုံ – ၂၆ ဒုတိယ ကမ္ဘာစစ် လက်ကျန် သံချပ်ကာ ကား

DSC_0504

ပုံ – ၂၇ ဒုတိယ ကမ္ဘာစစ် လက်ကျန် အမြှောက်

သည်နေရာအားလုံး အကုန် လည်ပြီးရင်တော့ အလက်ဇန္ဒရားလမ်းပေါ်က ကားစီးလို့ အိမ်ပြန်နိုင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်ဆိုရင်လည်း ဟိုတယ်ဆီကို ဒီလမ်းမကနေပဲ တက္ကစီး ငှားလို့ ဒါမှမဟုတ် ကားစီးလို့ ပြန်နိုင်ပါတယ်။

နောက်ဆုံး မမေ့ဖို့ သတိပေးလိုတာကတော့ HortPark ကို သွားလည်မယ်ဆို

၁။ ညနေခင်း နေအေးခါနီး ၄ နာရီ၊ ၅နာရီလောက် သွားပါ။ အေးအေးချမ်းချမ်း နှင့် ပိုခံစားလို့ ကောင်းပါသည်။

၂။ အချိန်ရမည် ဆိုလျှင်ဖြင့် လသာညကို ရွေးသွား၍ အေးချမ်းသည့် လရောင်နှင့် လှပသည့် ပန်းမန်များကြား ထိုင်ခုံစားပွဲများမှာ မိသားစု စကားဝိုင်းများ၊ သူငယ်ချင်းစကားဝိုင်းများ သို့မဟုတ် ချစ်သူနှင့် နှစ်ဦး တီတိုးစကားများ ခင်းကြ၍ မိမိတို့ နှစ်သက်သလို စိတ်တိုင်းကျ အနားယူ သင့်ပါသည်။

၃။ မဖြစ်မနေ သယ်သွားသင့်သည်မှာ ရေဗူးဖြစ်ပါသည်။ HortPark အ၀င် ရေကန်ကြီးအနား သောက်ရေထည့်နိုင်သော ငုတ်တိုင်များရှိ၍ အ၀င်ကတည်းက ရေထည့်သွားသင့်သည်။ လည်ပတ်မောပမ်းလျှင် အဆင်သင့်သောက်နိုင်ရန်ပင်ဖြစ်သည်။ ထို့နောက် VistaPark ရောက်လျှင် သောက်ရေကို တခါ ထပ်ဖြည့်နိုင်ပေသည်။

၎။ ဆာတတ်သူများအတွက် အဆာပြေစားစရာများ တပါးတည် ယူဆောင်သွားသင့်သည်။ ပန်းခြံအတွင်း အဆာပြေဆိုင် မရှိပါ။ ယခင်က Thai Express စားသောက်ဆိုင် ရှိသော်လည်း ယခု မဖွင့်တော့ပေ။ ဆိုင်တဆိုင် ရှိသော်လည်း မင်္ဂလာပွဲ၊ မွေးနေ့ပွဲများ သာ လက်ခံကျင်းပသဖြင့် အဆာပြေ၀င်ရောက် မစားသုံးနိုင်ပါ။

၅။ ကလေးပါသည့် မိသားစုများ ကလေးငယ်များကို အထူးဂရုစိုက်ရန် သတိပေးအပ်ပါသည်။ သစ်တောသစ်အုပ်များကြား သွားလာလျှင်လည်ကောင်း၊ ညအမှောင်  ပန်းခြံတွင်း သွားလာလျှင်လည်းကောင်း ကလေးငယ်များ ထိခိုက်ဒဏ်ရာမရှိစေရန် အထူးဂရုပြုပေးပါ။

၆။ နောက်ဆုံးအရေးကြီးသည်မှာ VistaPark သို့ပါ သွားရောက်လည်ပတ်ရန် စဉ်စားထားပါက မိုးလေ၀သ အခြေအနေကို ကြိုတင် စုံစမ်းသင့်ပါသည်။ သစ်တောသစ်အုပ်အတွင်း ရောက်မှ လေပြင်းမုန်တိုင်းနှင့် ကြုံလျှင် အသက်အန္တရာယ် စိုးရိမ်ရပါသည်။

© ကောင်းတမန်

ktmgktmg@gmail.com

Thursday 16 September 2010

Labrador Nature Reserve

လာဗရာဒါး သဘာဝဥယျာဉ်

စင်္ကာပူနိုင်ငံတွင် ဒုတိယကမ္ဘာစစ် သမိုင်းဝင် အဓိက နေရာ နှစ် ခု သာ ကျန်ရှိလေသည်။ ထိုနေရာ နှစ် ခု အနက် ခရီးသွားများ၊ အုပ်စုလိုက် ပျော်ပွဲစား ထွက်သူများ အနှစ်သက်ဆုံး နေရာမှာ Labrador Nature Reserve ပင် ဖြစ်သည်။

DSC_0165

ပုံ-၁ Labrador Nature Reserve လမ်းညွန်မြေပုံ

Map picture

ပုံ-၂ Labrador Nature Reserve သို့ သွားရန်မြေပုံ

Labrador သည် ဒုတိယ ကမ္ဘာစစ်အတွင်း၌ ဂျပန်တို့ စင်္ကာပူဆိပ်ကမ်းကို တိုက်ခိုက်လာလျှင် ခုခံကာကွယ်ရန် ဆောက်လုပ်ထားသော ဗြိတိသျှခံတပ်ဟောင်း တခု ပင်ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် မြေအောက်ဥမင်လှိုဏ်ခေါင်းများ၊ လက်နက်တိုက်များ၊စစ်အမြှောက်ဟောင်းများ ကို ယခုတိုင် သမိုင်းမှတ်တမ်းတခု အနေဖြင့် ကျန်ရစ်နေသေးပေသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှ ကိုလိုနီနိုင်ငံများ၊ စစ်အကြွင်းအကျန်များကို သုတေသန ပြုလုပ်နေသူများ၊ သမိုင်းမှတ်တမ်းများကို စိတ်ဝင်စားသူများအတွက် အဓိက ဆွဲဆောင်မှုများပင် ဖြစ်ပေသည်။ မြေအောက်ဥမင်လှိုဏ်ခေါင်းအတွင်း သို့လည်း သက်ဆိုင်ရာက စီစဉ်ပေးသည့်အတိုင်း တစ်ခါလှည့် ၈ ဒေါ်လာ နှုန်းဖြင့် လှည့်လည် ကြည့်ရှုနိုင်ပေသေးသည်။

အလ်ဘမ်-၁ စစ်သမိုင်းမှတ်တမ်း အကြွင်းအကျန်များ

ထို့အပြင် ခေတ်မီတိုးတက်သော မိုးပျံအဆောက်အဦးများဖြင့် ပြည့်နှက်နေသော စင်္ကာပူနိုင်ငံအတွက် သဘာဝ အံ့ဖွယ် တခု၊ သစ်တောထူထပ်သော ဆိတ်ငြိမ်နေရာလေး လည်း ဖြစ်ပေးသည်။ မွန်းကျပ်သော မြို့ပြဘ၀မှ ခေတ္တ ကင်းလွတ်၍ သဘာဝတရား၏ ရင်ခွင်၌ စိတ်အေးလက်အေး အနားယူလိုသူများအတွက် သင့်တော်သော နေရာလေး ဖြစ်ပေသည်။ သစ်တောလျှောက် ဖြတ်လမ်းများကို အဖြတ်တွင် သင် ကံကောင်းပါက သပိတ်လွယ်ငှက်၊သစ်တောက်ငှက် တို့၏ တွန်သံများကို လည်းကောင်း၊ ရှဉ့်ကလေးများ အစာဝှက်နေကြခြင်းကိုလည်းကောင်း၊ လှပသော လိပ်ပြာမျိုးနွယ်များကိုလည်းကောင်း ကြားမြင်ခံစားနိုင်ပေသေးသည်။

အလ်ဘမ်-၂ သစ်တောသစ်ပင်များ

ထိုထက်ပို၍ သွားရောက်လည်ပတ်သင့်သော အချက်မှာ ခန့်ညားထည်ဝါသည့် ရှုမညီးဖွယ် ပင်လယ်ကမ်းခြေအလှ ကိုလည်း ရှုစားနိုင်ကြဦးမည် ဖြစ်သည်။ လှပသော ပင်လယ်ကူးသင်္ဘောများကို နောက်ခံထား၍ ကျောက်ဆောင်ထူထပ်သော ကမ်းခြေတလျှောက် ပျော်ပွဲစားသူများ၊ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်သူများ၊ ငါးဖမ်းသူများ စသဖြင့် လူ့စရိုက်၊ သဘာဝတို့ကိုလည်း လေ့လာနိုင်ပေသည်။ စင်္ကာပူနိုင်ငံတွင် မြင်ရခဲသော ပင်လယ်ကျောက်ကမ်းပါး များကို လည်း တွေ့နိုင်သော နေရာဖြစ်သည်။ ပင်လယ်ထဲသို့ ထိုးဝင် တည်ဆောက်ထားသော Jetty တံတား အလှကိုလည်း ရှုစားနိုင်ပေသည်။ Habour Front မှ ထွက်ခွာသော၊ အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကမ်းခြေသို့ နာရီဝက် ၁ ကြိမ်ခန့် ခုတ်မောင်းသော စက်လှေများကိုလည်း ဆန်တိုစာ ကျွန်း နောက်ခံထား၍ ရှုမြင်နိုင်ပေသည်။

အလ်ဘမ်-၃ ကမ်းခြေ နှင့် ကျောက်ကမ်းပါးများ

Picnic ပျော်ပွဲစားထွက်လိုသူများအတွက်လည်း အသားကင်ဖိုများ၊ ထိုင်ခုံများ တည်ရှိသကဲ့သို့ နေရာထိုင်ခင်းလည်း ကျယ်ပြောလှပေသည်။ မိသားစုလိုက်၊ သူငယ်ချင်းအစုလိုက် အားလပ်ရက် ပျော်ပွဲစားလိုသူများအတွက်သင့်လျော်လှသော နေရာဖြစ်သည်။ Singapore East Coast Park, Changi Beach တို့ ရှိ အသားကင်ဖို နေရာများနှင့် မတူသည်မှာ သောက်ရေ၊ သုံးရေ နီးကပ်စွာ ရနိုင်မှု၊ အိမ်သာ အလှမ်းမဝေးမှုတို့ ကြောင့် ပျော်ပွဲစားသူတို့အတွက် ပိုမို အဆင်ပြေစေမှု ပင် ဖြစ်သည်။

ဒုက္ခမခံလိုသူများအဖို့ တောင်ပေါ် စားသောက်ဆိုင် တဆိုင်လည်း ဖွင့်လှစ်ပေးထားသည်။

ထို့ကြောင့် အနှစ်ချူပ်ရလျှင် Labrador Nature Reserve သည်

  • သမိုင်းစိတ်ဝင်စားသော သင့် အဘိုး အတွက် စစ်အကြွင်းအကျန်များကို လေ့လာနိုင်သော နေရာ၊
  • သစ်တော သစ်ပင်၊ကျေးငှက်၊သဘာဝ စိတ်ဝင်စားသော သင့်အဖေ အတွက် တောလည် ထွက်နိုင်သော နေရာ၊
  • စကိတ်စီး ၊စက်ဘီးစီး၊ လေ့ကျင်ခန်း လုပ်ချင်သော သင့် သား၊သမီး နှင့် သင့်အတွက် ရှည်လျားသော ကမ်းခြေ၊
  • မိသားစု၊သူငယ်ချင်း ရင်းနှီးချစ်ကြည်မှု ထပ်လောင်း တိုးတက်စေနိုင်သော အသားကင်စုစားခြင်း၊ပျော်ပွဲစားခြင်းတို့ ပြုလုပ်ရန် အသင့်တော်ဆုံးနေရာနှင့်
  • ပင်လယ်ရှုခင်းများ နှစ်သက်၍ ငါးမျှားခြင်း၊ သင်္ဘောကြည့်ခြင်းများ လည်းပြုလုပ်နိုင်သော နေရာ

- ဖြစ်ပေသည်။

ထို့ကြောင့် ၀ါသနာ မတူသော လူအားလုံး မိမိနှစ်သက်ရာ လုပ်နိုင်ပြီး မောပန်းလျှင် အတူတူ အသားကင်စား နားနေနိုင်သော နေရာလေး ပင် ဖြစ်တော့သည်။ အားလုံးအတွက် သင့်လျော်သော ဤ နေရာလေးအား အချိန်ရလျှင် သွားရောက်လည်ပတ်သင့်လှပေသည်။

© ကောင်းတမန်

ktmgktmg@gmail.com